Data Center "Grounding"

Grounding"
Ground ချတယ်ဆိုတာကတော့ အများသိတဲ့အတိုင်း လျှပ်စစ်ပစ္စည်းများရဲ့ wiring ပိုင်းကို ဝါယာကြိုးနဲ့ဖြစ်စေ အခြား လျှပ်ကူးပစ္စည်းတစ်ခုခုနှင့်ဖြစ်စေ earth နဲ့ ဆက်ပေးထားခြင်းပဲဖြစ်ပါတယ်။ Data center အတွင်းမှာရှိတဲ့ လျှပ်စစ်ပစ္စည်းများ နှင့် အခြားစနစ်များကို စနစ်တကျ Ground ချထားဖို့က အရေးပါလှပါတယ်။ ဒါမှလည်း data center အတွင်းမှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာများရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး hardware ပစ္စည်းများကိုလည်း မပျက်စီးစေမှာ ဖြစ်ပါတယ်။
Ground ချတာရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လျှပ်စစ်ဓါတ်များ ယိုစီးခြင်းကြောင့် လျှပ်ကာမရှိသော ပစ္စည်းများမှတဆင့် ရှော့ခ်ရိုက်ခြင်းကို လျော့ကျစေဖို့ပဲ ဖြစ်ပါတယ်။ Grounding ကို data center အတွင်းမှာ အသုံးပြုရတဲ့ နောက်အချက်တစ်ခုကတော့ အန္တရာယ်ရှိတဲ့ static charge တွေ တိုးပွားမလာအောင်ပဲ ဖြစ်ပါတယ်။ ထိုသို့ဖြစ်လာပါက hard-drive နဲ့ အခြားဆက်စပ် ပစ္စည်းများကို ပျက်စီးစေနိုင်ပါတယ်။

References: Myint and Associations facebook