Express (Transportation terms and conditions) ဖြင့် နယ်ဂိတ် သို့ ကုန်စည်ပို့ဆောင်ရေး စည်းကမ်းသက်မှတ်ချက်များ(TC004_ExpressTransport)

 

Express ဖြင့် နယ်ဂိတ် သို့ ကုန်စည်ပို့ဆောင်ရေး စည်းကမ်းသက်မှတ်ချက်များ

Document no: TC004_Express Transport
Updated date: 2021, Sep 22
Created date: 2021, Sep 22

၁။ (၇) ရက်အတွင်း ကုန်ပစ္စည်းမရောက်ပါက အကြောင်းကြား ပါရန်၊ ဂိုထောင်သို့ (၁၀)ရက်ထက် ကျော်လွန်သော ကုန်ပစ္စည်းများ တာဝန်မယူပါ။

၂။ ထုပ်ပိုးကုန်အတွင်း၌  အစိုးရဥပဒေနှင့် မလွတ်ကင်းသော ကုန် နှင့် မူရင်းဆိုင်မှ တင်ပို့သော ကုန်ပစ္စည်း အလွဲအချာ်မှားယွင်းမှု မရှိရန် ကုန်လက်ခံသူမှ တာဝန်ယူသတိထား စစ်ဆေးလက်ခံရမည်။

၃။ ကုန်လက်ခံသူသည် မိမိပစ္စည်းများလက်ရာပျက်နေပါက ယာဉ်မောင်းနှင့် ပို့ဆောင်ရေး တာဝန်ခံတို့ရှေ့မှောက်တွင် စစ်ဆေးကြည့်ရူရန်၊ နောက်မှ အကြောင်းကြားခြင်းကို တာဝန်မယူပါ။

၄။ ရန်သူမျိုးငါးပါးကြောင့် ပျက်စီးချွတ်ယွင်းခြင်းများနှင့် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသော ယာဉ်တိမ်းမှောက်ခြင်းကြောင့် ပျက်စီးခြင်းများကို လုံးဝတာဝန်ယူမည် မဟုတ်ပါ။

၅။ သေသပ်လုံခြုံစွာ ထုပ်ပိုး မထားသော ပစ္စည်းများ လျော့နည်းပျက်စီးပါက တင်ပို့သူ၏ တာဝန်သာဖြစ်ရမည်။

၆။ ကွဲရှစေတတ်သော ပစ္စည်းများ၊ ပေပါပုံး၊ သေတ္တာ ပုလင်း၊ ဖန်ထည်၊ မှန်ထည်များ အပါအဝင် အလိုအလျာက် ယိုယင်းပျက်စီးပါက တာဝန်မယူပါ။

၇။ ကုန်များ မပျောက်စေရန်နှင့် မပျက်စီးစေရန် ပို့ဆောင်ရေးတာဝန်ခံမှ တာဝန်ယူပါသည်။

NYANNOVATION