NYANNOVATION (ဉာဏ်နိုဗေးရှင်း) TC003_Direct RMA

 Direct RMA 

Document no: TC003_Direct RMA
Updated date: 2021, Sep 19
Created date: 2021, Sep 19

 SIM Group မှ ဝယ်ယူထားသည့် ကုန်ပစ္စည်းက ပျက်စီး၊ချွတ်ယွင်းတာတွေ ဖြစ်လာခဲ့လျှင် ဉာဏ်နိုဗေးရှင်း NYANNOVATION သို့ တိုက်ရိုက်လာနိုင်ပါသည်။

 အဲဒါကို NYANNOVATION (ဉာဏ်နိုဗေးရှင်း) Direct RMA (Return Materials Authorization)  လို့ ခေါ်ပါတယ်။

၁)         မိမိတို့ဆီကို တိုက်ရိုက်ပို့တဲ့အတွက် Factory ကိုတိုက်ရိုက် ပို့ဆောင်ရမည့်အချိန်တွေ သက်သာပါတယ်။

၂)         မိမိတို့နဲ့ တိုက်ရိုက်ပြောဆိုဆွေးနွေးနိုင်တဲ့အတွက် ပြသနာတွေကိုဖြေရှင်းတဲ့နေရာမှာ ကြားခံမရှိပဲ ပိုမိုတိကျမြန်ဆန်လာမှာဖြစ်ပါတယ်။

၃)         NYANNOVATION မှ မိမိတို့တင်သွင်းရောင်းချသည့် Brand တွေအကုန်လုံးရဲ့ တရားဝင် ဝန်ဆောင်မှုဌာနဖြစ်ပြီး လိုအပ်ချက်အရ Vendor တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုညှိနှိုင်းနိုင်တဲ့ Agent ကိုယ်စားလှယ် အကျိုးဆောင် လည်း ဖြစ်ပါတယ်။

၄)         NYANNOVATION မှ ဝယ်ယူထားသည့် Productကုန်ပစ္စည်း ဖြစ်ဖို့ အရေးကြီးပါတယ်။

၅)         မိတ်ဆွေရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့ တတ်ကျွမ်းတဲ့ ပညာရှင်တွေ မြန်မာနဲ့ သက်ဆိုင်ရာ ကုန်ပစ္စည်း၏ပြည်ပ ပညာရှင်များ ရှိထားတာကြောင့် ပြသနာ အရင်းအမြစ်ကို တိတိကျကျပြောပေးဖို့ လိုအပ်ပါတယ်။

ဖောက်သည်များက လက်လီအရောင်းဆိုင်တွေကိုသွားပြီး ပြင်ကြတဲ့အကြောင်းအရင်းတွေ အများကြီးရှိကြပါတယ်။

 အဲလိုပဲ NYANNOVATION ဉာဏ်နိုဗေးရှင်း ကို တိုက်ရိုက်လာပြီးဖြေရှင်းဖို့လည်း အကြောင်းအရင်းကောင်းတွေအများကြီးရှိပါတယ်။ အကောင်းဆုံးကတော့ ဝန်ဆောင်မှုဌာနဖြစ်တဲ့ NYANNOVATION ကို လာခဲ့မယ်ဆိုရင်တော့ မိတ်ဆွေရင်ဆိုင်နေရတဲ့ အခက်ခဲတွေကို အမြန်ဆုံးဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

 

 

Terms and conditions

၁) NYANNOVATION က အီလက်ထရောနစ် အစိတ်အပိုင်းအားလုံးကို အသေးစိတ် စစ်ဆေးရေးဌာနမဟုတ်ပါ။ မိတ်ဆွေရဲ့ စက်၏စနစ်တစ်ခုလုံးကို မူရင်း မိခင် ကုမ္ပဏီ မှ စစ်ဆေးပေးဖို့ တာဝန်ရှိတာဖြစ်ပါတယ်။

၂) NYANNOVATION က Warranty အာမခံချက်ကာလအတွင်း အကျုံးဝင်ပြီး မိမိတို့ တရားဝင်တင်သွင်းရောင်းချထားသည့် ပစ္စည်းတွေကိုပဲတာဝန်ယူ စစ်ဆေးပေးမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ မိတ်ဆွေရဲ့ စက်တခုလုံးကိုယူလာခဲ့ဖို့ မလိုပါဘူး။ ဥပမာ− Harddisk ပျက်နေတာဆိုရင် အဲဒီ့ part ကိုပဲ သယ်လာရမှာဖြစ်ပါတယ်။

၃) NYANNOVATION က တရားဝင်တင်သွင်းရောင်းချထားတဲ့ ပစ္စည်းတွေကိုပဲ တာဝန်ယူတာဖြစ်ပါလို့ ကုန်ပစ္စည်းပေါ်က NYANNOVATION ရဲ့ အမှတ်အသား စတေကာတွေကို ဂရုစိုက်ပေးပါ။ NYANNOVATION ကနေ ဝယ်ယူထားပြီး NYANNOVATION Logo ပါတဲ့ပစ္စည်းတွေက ဝရန်တီ(Warranty) ကိစ္စရပ်တွေမှာ အကျုံးဝင်မှာဖြစ်ပြီး NYANNOVATION ကနေ ဝယ်ယူထားတာမဟုတ်ဘူးဆိုရင်တော့ ဝရန်တီ (Warranty) ဝန်ဆောင်မှု ရှိမှာမဟုတ်ပါဘူး။

၄) Warranty တွေကို NYANNOVATION ဖက်ကနေ ပေးတာမဟုတ်ပဲ ကုန်ပစ္စည်းထုတ်လုပ်တဲ့သူ (Manufacturer) တွေရဲ့ Warranty အစီအစဉ်ကို မြန်မာနိုင်ငံမှာ အကောင်ထည်ဖော်ဆောင်ပေးတာဖြစ်ပါတယ်။ အဲဒါကြောင့် ကုန်ပစ္စည်းထုတ်လုပ်တဲ့ဖက်ရဲ့ ဆုံးဖြတ်ချက်အရ Warranty ရ၊ မရ ဆိုတာကို ပြန်လည်ပြောကြားပေးမှာဖြစ်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ချင်တယ်ဆိုလည်း စီစဉ်ပေးမှာဖြစ်ပြီး တခြားသူတွေကနေတဆင့် စောင့်ဆိုင်းပြောဆိုဖို့ မလိုပါဘူး။

၅) NYANNOVATION Warranty မှာ Data Recovery ပါဝင်ခြင်းမရှိပါဘူး။ အကယ်လို့ မိတ်ဆွေရဲ့ HDDSSD နဲ့ SD ကဒ်ထဲက ဒေတာတွေကို ရယူဖို့ လိုအပ်တယ်ဆိုရင် ကျွမ်းကျင်တဲ့သူတွေကို ရှာဖွေအပ်နှံ ရယူပြီးမှ Warranty အတွက်လာပေးတာ ပိုစိတ်ချရပါတယ်။ NYANNOVATION အနေနဲ့ကတော့ ကုန်ပစ္စည်းကို ပြုပြင် (သို့) လဲလှယ်ပေးမှာပဲဖြစ်ပါတယ်။

 

ဝယ်ယူအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။

မှတ်ချက်။ အထက်ပါ စည်းကမ်းချက်စာသားများ ကို ကုန်ပစ္စည်းတရားဝင် တင်သွင်းသည့် Convergent Myanmar (Synology, APC, Logitech official distributor) မှ မှီငြမ်း ကူးယူဖော်ပြထားခြင်းအတွက် credit ပေးပါသည်။ ဉာဏ်နိုဗေးရှင်းမိသားစုမှ လုပ်ငန်း နှင့်ကိုက်ညီ သည့် စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင်တည်းဖြတ်၍ မိမိတို့ ဖောက်သည်များအတွက် စည်းကမ်းသတ်မှတ်ချက်များကို ဖော်ပြသည်။