NYANNOVATION @ Incoterms 2020

NYANNOVATION @ Incoterm 2020

ဒီနေ့ ပြောချင်တဲ့ အကြောင်းရာကတော့ ဉာဏ်နိုဗေးရှင်းမှာ လာမည့် ၂၀၂၁ ခုနှစ်အတွက် မိတ်ဟောင်းမိတ်သစ်များကို ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းဆိုင်ရာတာဝန် (Transport Obligation) ဆိုသည့် အကြောင်းအရာကို အသိပေးပါရစေ...
အခု ပို့စ် တင်သည့် နေ့မှ စ၍ ဉာဏ်နိုဗေးရှင်းမှ စျေးနှုန်းထား အဆိုပြုလွှာများ (Quotation) တွင် Transport Obligation ဆိုပြီး ပါဝင်လာပါမည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး စည်းမျဉ်းများ တည်းမှ တချို့ ဉာဏ်နိုဗေးရှင်းမှ ကျင့်သုံးမည် Terms များ၏ မြန်မာ အဓိပ္ပာယ်ကို အသိပေးထုတ်ပြန် ကြေညာပေးပါရစေရှင်...

(EXW) Ex Works

ဉာဏ်နိုဗေးရှင်းသည်ပစ္စည်းများကိုထရပ်ကားသို့မဟုတ်သင်္ဘောပေါ်သို့တင်ရန်မလိုအပ်ပါ။ ကျန်ရှိသောပစ္စည်းသည်ဝယ်သူ/ဖောက်သည်များ (ဥပမာ - နိုင်ငံရပ်ခြား/သတ်မှတ်သည့် နေရာ အရောက် ပေးပို့တင်ပို့ခြင်းနှင့်အကောက်ခွန်တာဝန် Export and Import Formalities) တို့ကို ဝယ်သူမှ တာဝန်ယူရမည်ဖြစ်သည်။

(FCA) Free Carrier

ဉာဏ်နိုဗေးရှင်းသည်ပစ္စည်းများကိုထရပ်ကားသို့မဟုတ်သင်္ဘောပေါ်သို့ တင်ပို့ပြီး ဝယ်သူ/ဖောက်သည် သတ်မှတ်ထားသည့်မြို့တွင်း နေရာ/ကားဂိတ် အရောက် ထိသာ ပေးပို့ခြင်းဖြစ်သည်။ (သတ်မှတ်ထားသော နေရာ အရောက်တွင် ပစ္စည်းအတက်ချ အဖိုးအခ နှင့် မိမိ ပေးရန်ရှိသည့် (Import Formalities) အစိုးရ အကောက်အခွန်များ၊ အာမခံ ဝန်ဆောင်မှု နှင့် အလွှဲအပြောင်းတာဝန်ကိစ္စအဝဝ တို့ကို ဝယ်သူမှ တာဝန်ယူရမည်)

(CIP) Carriage and Insurance Paid To

ဉာဏ်နိုဗေးရှင်သည်ပစ္စည်းများကို အာမခံ ဝန်ဆောင်မှုများ နှင့်အတူ ထရပ်ကားသို့မဟုတ်သင်္ဘောပေါ်သို့တင်၍ဖောက်သည် (customer) များ သတ်မှတ်သည့် နေရာ အရောက် ပေးပို့ခြင်းကို ဆိုလိုပါသည်။ (သတ်မှတ်ထားသော နေရာ အရောက်တွင် ပစ္စည်းအတက်ချ အဖိုးအခ နှင့် အလွှဲအပြောင်းတာဝန်ကိစ္စအဝဝ တို့ကို ဝယ်သူမှ တာဝန်ယူရမည်)

(DAP) Delivered at Place (Your destination) incoterms 2020
ဉာဏ်နိုဗေးရှင်းမှ ကုန်ပစ္စည်းများကို ဖောက်သည် (customer) များ သတ်မှတ်သည့် နေရာ အရောက် ပေးပို့ခြင်းကို ဆိုလိုပါသည်။ (အာမခံ ဝန်ဆောင်မှု နှင့် ကုန်ပစ္စည်း အတင်အချ ဝန်ဆောင်မှု မပါဝင်ချေ)

(DDP) Delivered Duty Paid
ဉာဏ်နိုဗေးရှင်မှ အစိုးရ duty အခွန်အခများ အပါအဝင် ကုန်ပစ္စည်းများ ကို ဖောက်သည် (customer) များ သတ်မှတ်သည့် နေရာ အရောက် ပေးပို့ခြင်းကို ဆိုလိုပါသည်။ (အာမခံ ဝန်ဆောင်မှု နှင့် ကုန်ပစ္စည်း အတင်အချ ဝန်ဆောင်မှု မပါဝင်ချေ)


ကျေးဇူးတင်ပါတယ်ရှင်
ဉာဏ်နိုဗေးရှင်း စီမံအဖွဲ့
www.nyannovation.com | +95 9 9545 87331 (Complaints)
#Incoterms
#NYANNOVATION
#Quotation #Transport