ဆိုလာ(၃) မျိုး

 ဆိုလာ(၃) မျိုး

Monocrystalline solar panel:
ဒီဆိုလာအမျိုးအစားဟာ efficiency အများဆုံး(15-20%)နှင့်စျေးအကြီးဆုံးအမျိုးအစားဖြစ်ပါတယ်။ ဒီဆိုလာဆဲလ်တွေကိုအလွန်ရှုတ်ထွေးတဲ့ပုံဆောင်ခဲမျိုးပွားမှုနည်းစဉ် (crystal groth process) အသုံးပြုဖန်တီးထားတဲ့အတွက်အလွန်သန့်စင်ပါတယ်။ဆီလီကွန်ပုံဆောင်ခဲချောင်းရှည်တစ်ချောင်းကို 0.2 မှ 0.4 mm မျှသာအထူရှိတဲ့ဆီလီကွန်ချပ်ပြား(wafers)လေးတွေဖြစ်အောင်လှီးဖြတ်ပြီး၊တစ်နှင့်တစ်ခုတန်းဆက် ဆက်သွယ်ကာဆိုလာ panel ဖြစ်လာအောင်ဖန်တီးထားပါတယ်။
Polycrystalline solar panels:
ဒီဆိုလာအမျိုးအစားကိုmulti-crystalline လို့လည်းခေါ်ပါတယ်။Polycrystalline cells တွေနဲ့ပြုလုပ်ထားတဲ့အခုဆိုလာပြားများဟာmonocrysalline cells တွေထက် efficiency နိမ့်ပေမယ့်၊စျေးနှုန်းချိုသာပါတယ်။ဘာလို့လဆိုတော့အဲ့ဒီcellsတွေကိုပုံဆောင်ခဲတစ်ခုတည်းအတွင်းမှာမျိုးပွားယူထားတာမဟုတ်ပဲ၊ပုံဆောင်ခဲအမျိုးမျိုးပါဝင်တဲ့အတုံးတစ်ခုအတွင်းမှာမျိုးပွားယူထားတာကြောင့်လုပ်ရတဲ့နည်းစဉ်လွယ်ကူပါတယ်။အဲ့ဒီလိုရရှိလာတဲ့ပုံဆောင်ခဲအချောင်းကို monocrystalline cells လေးတွေပြုလုပ်တဲ့နည်းအတိုင်း wafers ချပ်ပြားလေးတွေဖြစ်အောင်ပါးပါးလေးတွေလှီးပြီး၊ဆိုလာချပ်ပြားကြီးဖြစ်အောင်တန်းဆက် ဆက်သွယ်ပြီးဆောင်ရွက်ထားပါတယ်။
Amorphous solar panels:
တကယ်ဆိုရင်ဒီဆိုလာပြားအမျိုးအစားဟာပုံဆောင်ခဲအစစ်မဟုတ်ပါဘူး။ သတ္တု(သို့မဟုတ်)ဖန်ပြားလိုအောက်ခံပစ္စည်းတစ်ခုပေါ်မှာ ဆီလီကွန်အရည်ခပ်ပါးပါးလေးလိမ်းပြီးဖန်တီးထားတဲ့ဆိုလာပြားမျိုးဖြစ်ပါတယ်။အဲ့ဒီဆိုလာပြားတွေဟာအားလုံးထဲမှာစျေးအပေါဆုံးဖြစ်ပေမယ့် energy efficiency အလွန်နိမ့်ပါတယ်။ Monocrystalline, polycrystalline တို့နဲ့တည်ဆောက်တဲ့ဆိုလာစနစ်ရဲ့နေရာမှာ amorphous solar panels တွေသုံးမယ်ဆိုရင်အလားတူ output power မျိုးထုတ်လုပ်ပေးနိုင်ဖို့နေရာအကျယ်အဝန်းဧရိယာစတုရန်းပေတော်တော်များများသုံးရပါလိမ့်မယ်။ Amorphous solar panels တွေကို ကမ္ဘာ့တောင်ဖက်အရပ်မျက်နှာမူထားတဲ့ကြီးမားကျယ်ပြန့်တဲ့ဧရိယာအကျယ်အဝန်းရှိအဆောက်အဉီးခေါင်းမိုးတွေမှာသုံးဖို့ရှည်လျားတဲ့အပြားမျိုးအထိရအောင်တဆက်ထည်းတည်ဆောက်နိုင်ပါတယ်။
Monocrystalline နှင့် polycrystalline ကိုတော့ဒါမျိုးလုပ်ဖို့ခဲယဉ်းပါတယ်။