CCTV security system တစ်ခုကို ကျွန်တော်တို့ ဒီဇိုင်းလုပ်တဲ့ အခါ

 CCTV security system တစ်ခုကို ကျွန်တော်တို့ ဒီဇိုင်းလုပ်တဲ့ အခါဖြစ်ဖြစ်၊လက်တွေတပ်ဆင်တဲ့ အခါဖြစ်ဖြစ်၊ ပထမဆုံးအနေနဲ့ နည်းပညာပိုင်းကို စဥ်းစားဖို့ မလိုသေးပါ ဘူး။

ကနဦးလိုက်နာလုပ်ဆောင်ရမယ့် အချက်တွေရှိပါတယ်။ ပထမဦးဆုံး အနေနဲ့ customerဟာ ဘယ်လိုစနစ်မျိုးကို အလိုရှိတာလဲ။
ဒါမှမဟုတ် customer ကို ဝန်ဆောင်မှုပေးရမယ့် လုပ်ငန်းအမျိုးအစားတွေက ဘာတွေလဲ။ အများအားဖြင့်တော့ CCTV စနစ်နဲ့ ပတ်သက်လို့ customer တွေလိုချင်တတ်တဲ့ အချက်သုံးချက်ရှိတယ်။
အဲဒါတွေကတော့ -customer ဟာ သူစိတ်ဝင်စားတဲ့ (interest)ဖြစ်တဲ့ တစုံတခုသော နေရာ (field)အတွင်း သူ့ရဲ့ အကျိုးကို ဖြစ်စေမယ့်၊ပျက်စေမယ့်အဖြစ်၊အပျက်တမျိုးမျိုးကို စုံစမ်းထောက်လှမ်းသိရှိလိုပါက (detect လုပ်လိုတယ်ပေါ့နော်)။ဒါက ပထမ အချက်ပါ၊
ဒုတိယအနေနဲ့ အဲဒီဧရိယာအတွင်းဖြစ်ပျက်ခဲ့တဲ့ ကိစ္စဟာ ဘယ်လိုကိစ္စမျိုးလဲ(အန္တရယ်ရှိလား၊မရှိဘူးလား။အရေးကြီးလား၊မကြီးဘူးလား) ဆိုတာ စိစစ်ခွဲခြားလိုပါတယ်
(recognition လုပ်ချင်တယ်ဆိုတဲ့ သဘောပါ) ။
နောက်ဆုံးအချက်ကတော့ - အဲဒီလှုပ်ရှားမှုဖြစ်စဥ် ( activity) မှာအဓိကပါဝင်သူဟာ ဘယ်သူလဲ ဆိုတာ တိတိကျကျ ခွဲခြား သက်မှတ်လို ပါတယ်။(identificationပေါ့)။ အဲဒီအချက်သုံးချက်ကို Detection, Recognition, Identification (သို့)”DRI” လို့ အလွယ် မှတ်ထားပါ။ CCTV application တစ်ရပ်ဆောင်ရွက်ဖို့ ပစ္စည်းအမျိုးအစား ရွေးချယ်တဲ့အခါ အဲဒီအချက် သုံးချက်အပေါ် အခြေခံပြီး စဥ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။