CyberSec Password tips

 Cyber-Hygiene

100% လုံခြုံမှုတော့မရှိပေမယ့် အောက်ကအချက်တွေလုပ်ထားမယ်ဆိုရင်တော့ အတော်အသင့်လုံခြုံပြီလို့ မှတ်ယူနိုင်ပါတယ်။ ကိုယ်ကလည်း အမြဲလိုလိုသတိထားနေမယ်ဆိုရင်ပေါ့လေ။

ကိုယ့်ရဲ့ အကောင့်လုံခြုံရေးအရ -

၁။​ Password ကို လုံခြုံအောင်ထားပါ။ 
ဥပမာ -K#NiU!xQt66x^G
၂။ 2Step authentication တွေအသုံးပြုပါ။ SMS အစားထိုး Authentication App တွေကိုသုံးပါ။
၃။ ငွေကြေးတတ်နိုင်ရင် YubiKey လိုမျိုး Security Device တွေ အသုံးပြုပါ။​
၄။ Recovery codes တွေကို စာနဲ့ချရေးပြီး လုံခြုံတဲ့နေရာမှာသိမ်းပါ။

Privacy အရဆိုရင်တော့ - 
၁။ Friend list တွေကို Only me လုပ်ပါ။​
၂။ ကိုယ့်ရဲ့ Personal data တွေဖြစ်တဲ့ မွေးနေ့ (တချို့ကလည်း အမှန်တွေမထည့်ထားပါဘူး)၊ ဖုန်းနံပါတ်၊ အီးမေးလ် စသည်တွေကို Only me လုပ်ပါ။
Business Page တွေအနေနဲ့ကလည်း ဖုန်းအဝင်အထွက်သီးသန့်သာ အသုံးပြုဖို့ Contact Number ကို ထားပါ။ 
 

Messenger မှာဆိုရင် - 
၁။ End-to-end encrypted chats ထဲမှာ Security Alerts တွေကို အမြဲလိုလိုစစ်ပါ။ 
၂။ Message storage ကို On ထားပါ။
၃။ Logins တွေကို အမြဲစစ်ဆေးပါ။
၄။ Meta, Apple, Google cloud တွေကို မယုံဘူးဆိုရင်တော့ 40-digit pin ကို အသုံးပြုပါ။
အရေးကြီးကိစ္စတွေ၊ ငွေပေးငွေယူကိစ္စတွေကိုတော့ Video Call ကို အသုံးပြုပါ။

Cyber Security Awareness (Viber Group)

 

#Credit to Right Owner