NYANNOVATION’s Safety guide
ရည်မှန်းချက်
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို သတိမူ၊ နှလုံးသွင်း တတ်လာခြင်းဖြင့် ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သော မတော်တဆမှုကင်းသည့် လုပ်ငန်းခွင်တစ်ခု ဖြစ်လာစေရန်။
လုပ်ငန်းခွင်အကြို ဘေးကင်းရေးသင်တန်း
1. လုပ်ငန်းမစမီ လုပ်ငန်းခွင်အကြို ဘေးကင်းရေးသင်တန်းတက်ကာ သင်တန်းတက်ပြီး ကြောင်း သက်ဆိုင်ရာ ကုမ္မဏီ၏ တံဆိပ်ကို သင့်ခမောက် (helmet)တွင် ကပ်ထားပါ။
2. လိုအပ်သော စာရွက်စာတမ်းများ တင်ပြပါ။
3. လုပ်ငန်းမစမီ ကုမ္ပ၏ စည်းမျဥ်းစည်းကမ်းများ၊ အရေးပေါ် ဆက်သွယ်ရမည့်နံပါတ်များ၊ ဝင်ပေါက်ထွက်ပေါက်များ စသည်တို့ကို သိအောင်လုပ်ထားပါ။
4. သင်၏ လက်နက်ကိရိယာများ၊ ဓါတုဗေဒ ဆေးဝါးများ၊ သတ်မှတ်ထားသော ပစ္စည်းသိုလှောင်ရမည့်နေရာ စသည်တို့ကို သင်၏ ကြီးကြပ်ရေးမှူအား မေးမြန်းပါ။
သင့်တာဝန်
1. သင်သည် အန္တရာယ်ကင်းလုပ်ထုံးလုပ်နည်းများကို ဆောင်ထားရန် သော်လည်းကောင်း၊ လိုက်နာဆောင်ရွက်ရန်သော် လည်းကောင်းလိုသည်။
2. သင်သည် အန္တရာယ်မကင်းသော အပြုအမူဖြင့် သင့်ကိုယ်သင် သော်လည်းကောင်း၊ သင့်အနီးရှိသူများ အားသော်လည်းကောင်း အခြားလက်နက်ကရိယာများကို ကစားခြင်း၊သုံးစွဲခြင်း မပြုရ။
3. သင့်အား ပေးထားည့် လုပ်ငန်းခွင် အန္တရာယ်ကင်းဝတ်စုံ၊အသုံးအဆောင်များကို အမြဲဝတ်ဆင်ရမည်။
4. ကုမ္ပဏီမှ ပံ့ပိုးပေးထားသော လုပ်ငန်းခွင်အန္တရာယ်ကင်းရေးပစ္စည်းများ(ဥပမာ- မီးသတ်ဘူး၊ ဆိုင်းဘုတ်များ၊အမှတ်အသားများ) စသည်တို့ကို မဖျက်ဆီးရ။
တာဝန်ဝတ္တရားနှင့် ပြစ်မှုပြစ်ဒဏ်
သင်သည် လုပ်ငန်းခွင် အတွင်း ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများကို မလိုက်နာ၊ချိုးဖောက်ပါက ပြစ်ဒဏ်ပေးခြင်း ခံရမည်။
1. တစ်ကိုယ်ရေ ကာကွယ်ရေး ပစ္စည်းများ နှင့် သင့်တော်သည့် လုပ်ငန်းသုံးဝတ်စုံများ ဝတ်ဆင်ပါ။
2. အလုပ်သွားတိုင်း လုပ်ငန်းသုံးခမောက်အမာ နှင့် အန္တရာယ်ကင်းရှူဖိနပ်ကို ဝတ်ဆင်ပါ။
3. ဆူညံသော နေရာများတွင် နားကြပ်တပ်ပါ။
4. မြင့်သော နေရာများ၌ အလုပ်လုပ်လျှင် အန္တရာယ်ကင်း ကိုယ်သိုင်းကြိုး ဝတ်ဆင်ပါ။
5. ကျောက်စက်တိုက်ခြင်း၊တူထုခြင်း၊လွှစက်ဖြင့် ဖြတ်ခြင်း၊ ခြစ်ခြင်း၊ခေါက်ခြင်းတို့လုပ်လျှင် အန္တရာယ်ကင်း မျက်မှန်ဝတ်ဆင်ပါ။
6. အရာဝတ္ထုများကို ကိုင်တွယ်ခြင်း၊သယ်ဆောင်ခြင်းတို့လုပ်ရလျှင် လက်အိတ်ဝတ်ပါ။ လည်ပတ်နေသာ စက်ကိရိယာများ မောင်းနှင်လျှင်မူ လက်အိတ်မဝတ်ဘဲ နေနိုင်ပါသည်။
နံနက်ခင်း စည်းဝေးပွဲ
နံနက်ခင်းစည်းဝေးပွဲမှ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးနှင့် ပတ်သက်သည့် သတင်း အချက် အလက်များ၊ ကာကွယ်ရမည့် နည်းလမ်းများ၊ မတော်တဆမှုသတင်းများ၊ ကုမ္ပဏီ၏ စည်းမျဥ်း စည်ကမ်းများ စသည်တို့ကို အလုပ်သမားများ သတိပြုစေရန် ဖြန့်ဝေပေးသည်။ မည်သူမဆို မပျက်မကွက် တက်ရောက်ရန် တာဝန်ရှိသည်။ ပျက်ကွက်သူများကို အကြောင်းမကြားဘဲ ဒဏ်ရိုက်မည်ဖြစ်သည်။
အန္တရာယ်ကင်းရေးကော်မတီ စည်းဝေးပွဲများ
1. စီမံခန့်ခွဲရေးပိုင်းမှရော အလုပ်သမားများပါ ပါဝင်လျက် အန္တရာယ်ကင်းရေးကော်မတီဖွဲ့ထားရမည်။
2. အန္တရာယ်မကင်းသည့် အခြေအနေ၊အပြုအမူများ၊ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များတွေ့ပါက သတင်းပို့ပြီး စည်းဝေပွဲတွင် ဆွေးနွေးမည်။
3. ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရမှုဖြစ်ပါက စုံစမ်းစစ်ဆေးပြီး နောင် ဤသို့ မဖြစ်အောင် မည်သို့ လုပ်မည်ကို အကြံပြုရမည်။
အလုပ်လုပ်ခွင့် လက်မှတ်
ဆောက်လုပ်ရေး လုပ်ငန်းမှ အန္တရာယ်များသော အောက်ပါလုပ်ငန်းများအတွက် အလုပ်လုပ်ခွင့် လက်မှတ်လိုပါသည်။
1. မီးဖြင့် လုပ်ရသောအလုပ်။
2. ကျင်း၊ချိုင့်၊တိုင်ကီများအတွင်း ဝင်ရောက်ခြင်း၊
3. ပိုက်ရိုက်ခြင်း
4. တစ်မီတာခွဲ (၅ပေ)ထက်နက်သော မြေတူးခြင်း
5. ၂မီတာ (၆ပေခွဲ) ထက်မြင့်သော နေရာတွင် အလုပ်လုပ်ခြင်း
6. ဝန်ချီခြင်း
7. အဆောင်အဦးဖြိုဖျက်ခြင်း
8. ဥမင်းလိုဏ်ခေါင်းတူခြင်း။
9. အလုပ်မလုပ်မီ ဖိုမင်း၊ကြီးကြပ်ရေးမှူးတို့သည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစစ်ဆေးသူမှ တဆင့် အလုပ်လုပ်ခွင့် လက်မှတ်ကို စီမံကိန်းမန်နေဂျာထံလျှောက်ထားရမည်။
10. မသိလျှင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အရာရှိထံ ချဥ်းကပ်အကူအညီတောင်းနိုင်ပါသည်။
အမြင့်မှ ပြုတ်မကျစေရန် ကာကွယ်ခြင်း
1. ချိတ်- ချိတ်ထားပါ ပြုတ်မကျစေနဲ့။
2. ကိုယ်သိုင်းကြိုးကို သေသေချာချာဝတ်ပါ။
3. မကောင်းတဲ့လှခါးကို မသုံးပါနဲ့။
4. တံခါးနောက်မှာ လှေခါးကို မသုံးပါနဲ့။
5. လှုပ်လီလှုပ်လဲ့ ပစ္စည်းတွေပေါ် လှေခါးကို မထောင်ပါနဲ့။ကျိုလွယ်တဲ့တန်း။မခိုင်တဲ့ နံရံတွေမှာ လှေခါးကို မမှီပါနဲ့။
6. လှေခါးဟာ မမြဲရင် လုပ်ဖော်ကိုင်ဘက်တစ်ယောက်ယောက်ကိုခေါ်ပြီး ကိုင်ခိုင်းထားပါ။လှေခါးဟာ ၁မီတာ(၃ပေ)လောက် အစွန်းထွက်နေပါစေ။
7. ပေါက်တွေကို အကာအရံမရှိဘဲ မထားခဲ့ပါနဲ့။
8. အပေါ်ကနေ ဘာကိုမှ ပစ်မချပါ ၊
9. ကြမ်းခင်းမှ အပေါက်များကို ကာရံထားရမည်။
10. အသုံးမလိုသည့်ပစ္စည်းများကို အောက်သို့ ချလိုပါက ကြိုး၊ပုံး၊ မြောင်းများသုံးပါ။
11. လက်နှစ်ဖက်နှင့်ခြေတစ်ဖက်အမြဲထိတွေ့နေရမည်။
12. ဂွန်ဒိုလာ အား အန္တရာယ်ကင်းစွာ အသုံးပြုခြင်း
13. ဂွန်ဒိုလာအား ဖမ်ထားမည် နေရာတို့အတွက် လက်မှတ်ရအင်ဂျင်နီယာတွက်ချက်ထားသော ဒီဇိုင်းစာရွက်ယူထားပါ။
14. ဂွန်ဒိုလာ တပ်ဆင်ခြင်းအတွက် လက်မှတ်ရ တပ်ဆင်သူအား လက်မှတ်ရကြီးကြပ်သူ၏ ကြီးကြပ်မှုအောက်တွင် တပ်ဆင်စေရမည်။
15. ဂွန်ဒိုလာအား စနစ်တကျ သင်တန်းပေးထားသူသူ မောင်းနှင်စေရမည်။၄င်းသည် အရေးကြုံလာပါက မည်ကဲ့သို့ ပြုလုပ်ရမည်ကို သိနေရမည်။
Mast Climbing Working platform (MCWP)
1. Mast Climber မတပ်ဆင်မှီ လက်မှတ်ရအင်ဂျင်နီယာ တွက်ချက်ထားသော ဒီဇိုင်းစာရွက် ယူထားပါ။
2. Mast Climber တပ်ဆင်ခြင်းအတွက် လက်မှတ်ရတပ်ဆင်သူအား လက်မှတ်ရကြီးကြပ်သူ၏ ကြီးကြပ်မှုအောက်တွင်တပ်ဆင်စေရမည်။
3. Mast Climber အားစနစ်တကျ သင်တန်းပေးထားသူသာ မောင်းနင်းစေရမည်၊
4. ပြုတ်ကျခြင်းမှ ကာကွယ်ပေးမည် ကိရိယာ တပ်ဆင်ထားရမည်။
5. မောင်းနင်းသူတစ်ဦးလျှင် အသက်ကယ်ကြိုးတစ်ချောင်းစီတပ်ဆင်ပေးထားရမည်။
Mobile Elevated Work Platforms (MEWP) Scissor Lift/Boom Lift
1. မှန်ကန်သော အရွယ်အစားနှင့် ပုံသဏ္ဌာန်ရှိသည့် MEWP ကို ရွေးပါ။
2. သုံးမည့်သူအား သင်တန်းပေးပါ။
3. သုံးနေသည့် MEWP အတွက် သက်တမ်းမကုန်သေးသည့် လက်မှတ်ရှိပါစေ။
4. သုံးမည်သူသည် နေ့စဥ်စစ်ဆေးသည့်ပုံစံကို ဖြည့်ရပါမည်။
5. စက်ကိုသုံးသည့်အခါ ကိုယ်သိုင်းကြိုးကို ဝတ်ဆင်ပါ။
6. ကိုယ်သိုင်းကြိုး၏ ချိတ်ကို MEWP၏ လက်ရမ်းတမ်းတွင် ချိတ်ပါ။
7. လမ်းအပေါ်ဠ် အလုပ်လုပ်သောအခါ လမ်းစည်းကမ်းများကို လိုက်နာပါ။
8. အများပြည်သူသုံးလမ်းများပေါ်တွင်ဖြစ်စေ၊ ရှုပ်သည့်နေရာများတွင် ဖြစ်စေ အချက်ပြ တစ်ယောက်ထားပါ။
9. စက်ကို ပုံမှန်ပြုပြင်ထိန်သိမ်းမှု လုပ်ပေးပါ။
မော်တော်ယဥ် အန္တရာယ် ကင်းဝေးရေး
1. လုပ်ငန်းခွင်အတွင်း သတ်မှတ်ထားသော အမြန်နှုန်းကို လိုက်နာပါ။
2. နောက်ပြန်ဆုတ်လျှင် သတိထားပါ။
3. ရှုပ်သောနေရာများတွင် အချက်ပြတစ်ဦးထားပါ။
4. ဖရိုဖရဲတင်ထားသော ပစ္စည်းများနှင့် မည်သည်အခါမှ ကားကို မရွှေပါနှင့်။
5. တင်ထားသည့် ပစ္စည်းများကို သေသေချာချာ ချည်နှောင်ပါ။
ပြိုလဲခြင်းမှ ကာကွယ်ရေး
1. မ နိုင်သောဝန် ထက်မည်သည့်အခါမှ မပိုပါစေနှင့်။
2. outriggers များကို အပြည့်ဆန့်ထုတ်ပါ။
3. အောက်ခံပြားများ အမြဲသုံးပါ။
4. ငြမ်းကို မည်သည့်အခါမျှ မပြင်ပါနှင့်။
5. ငြမ်းဆင်လျှင် ငြမ်းဆင်သည့် အဖွဲခေါင်ဆောင်ကိုသာ ကြီးကြပ်ပါစေ။
6. Form Work ဆင်လျှင် Form Workခေါင်းဆောင်ကိုသာ ကြီးကြပ်ပါစေ။
7. တူထားသော မြောင်းများအတွင်းမဆင်မီ မြောင်းနံရံများကို သေချာစွာ ထောက်ကန်ထားသလား စစ်ဆေးပါ။
8. ၄ မီတာ (၁၃ပေ)ထက်နက်သော မြောင်းများအတွက် လက်မှတ်ရ အင်ဂျင်နီယာ၏ တွက်ချက်မှု လိုအပ်ပါသည်။
9. ငြမ်းစင်အနီး မည်သည့်အခါ မှ မြေမတူရ။
10. မြေအောက်တွင် မီးကြိုးရှိမရှိ စစ်ဆေးမှု အစီရင်ခံစာယူပါ။
11. လက်မှတ်ရှိသူကိုသာ မြေတူးစက်မောင်းပါစေ။
12. မြောင်းကို စောင့်ကြည့်ရန်၊ ရာသီဥတုဆိုးပါက စစ်ဆေးရန် တစ်ယောက်ယောက်ကို တာဝန်ပေးထားပါ။
လျှပ်စစ်အန္တရာယ် ကင်းဝေးရေး
1. သုံးသည့်အခါတိုင်း စစ်ဆေးပါ။
2. ပျက်စီးချိုယွင်းနေသည့် ပစ္စည်းများကို မသုံးပါနှင့်။
3. လျှပ်စစ်သွယ်တန်းခြင်း၊တပ်ဆင်ခြင်းတို့ကို မသိဘဲ ရမ်းမလုပ်ပါနှင့်။
4. စစ်ဆေးပြီးကြောင်း အာမခံချက်ရှိသည့် ပစ္စည်းများကိုသာ သုံးပါ။
တိုင်ကီ၊ကတုတ်ကျင်း၊ မြေအောက်လိုဏ်များ
ကွန်ဖိုင်းစပေ့စ်အတွင်းသို့ စစ်ဆေးသူက စစ်ဆေးအတည်ပြုပြီး ခွင့်ပြုချက်လက်မှတ်ထုတ်ပေးမှသာ ဝင်ရပါမည်။
ကွန်ဖိုင်းစေပေစ့်အတွင်း မဝင်မီ
1. အောက်ဆီဂျင် ရှိမှုနှုန်း။
2. မီးလောင်စေသော ဓါတ်ငွေ့ရှိမရှိ
3. အဆိပ်ဓါတ်ငွေ့များ ရှိမရှိ ဦးစွာ စစ်ဆေးရပါမည်။
4. အရေးပေါ်ကယ်ဆယ်ရေး အစီအမံများ အဆင်အသင့်ရှိနေရမည်။
5. လက်မှတ်ရှိ၊ အာဏာရစစ်ဆေးသူက ဓါတ်ငွေ့တည်ရှိမှု အခြေအနေ ကို စစ်ဆေးပြီး ဝင်ခွင့်လက်မှတ်ထုတ်မပေးမချင်း ကွန်ဖိုင်းစပေ့စ်အတွင်းသို့ မဝင်ရပါ။
6. အရေးပေါ်ကယ်ဆယ်ရေးအစီအမံများ ထားရှိရမည်။
မီးအန္တရာယ် ကာကွယ်ရေး
1. ဓါတ်ငွေ့အိုးများမှ ဓါတ်ငွေ့ယိုစိမ့်မှု ရှိမရှိ စစ်ဆေးပါ။
2. ဂဟေဆော်ခြင်း၊ ဖြတ်ခြင်းများ လုပ်လျှင် မီးပွားများ လွင့်စဥ်ခြင်းမရှိအောင် ကာရံထားပါ။
3. မီးလောင်စေတတ်သည့် ပစ္စည်းများကို မီးပွားထွက်မည် နေရာမှ ဝေးဝေးထားပါ။
4. သတ်မှတ်ထားသော နေရတွင်သာ ဆေးလိပ်သောက်ပါ။
5. စီးကရက်တိုများကို စနတကျ စွန့်ပစ်ပါ။
6. တွေကရာ မပစ်ပါနှင့်။
ဝန်ချီခြင်း
1. လူများပေါ်မှ ဖြတ်ကျော်၍ ဝန်ချီ၊ ဝန်မ ခြင်း မလုပ်ရ၊
2. ဝန်ချီခြင်းကို ဝန်ချီအဖွဲ့ကသာ ပြုလုပ်ရမည်။
3. သက်တမ်းရှိလက်မှတ်ရှိသော ဝန်ချီကိရိယာများကို သုံးပါ။
4. လစဥ်စစ်ဆေးမှု အရောင်ဖော်ပြထားရမည်။
5. ဝန်ချီကိရိယာ များကို မသုံးမီ စစ်ဆေးပါ။
6. ဝန်ချီရန် အစီအစဥ်ရေးဆွဲပါ။ တည်ဆဲဥပဒေများနှင့် ညီညွတ်ပါစေ။
7. မှန်မှန်ကန်ကန် အချက်ပြပါ။
8. စကားပြောစက်သုံးပြီး ဆက်သွယ်ပါ။
9. ဝန်ချီခွင့်လက်မှတ် လျှောက်ထားပါ။
10. ကရိန်းရပ်မည့် နေရာကို လက်မှတ်ရ အင်ဂျီနီယာက စစ်ဆေးရမည်။
11. အန္တရာယ်ကင်းစွာ ဝန်မခြင်း အစီအစဥ်ကို လိုက်နာပါ။
12. ရာသီဥတု ဆိုးဝါးနေလျှင် ဝန်ချီခြင်း မပြုရ။
မှန်ကန်သော လက်နက်ကိရိယာများကိုသာ အသုံးပြုခြင်း
1. အလုပ်အတွက် မှန်ကန် သင့်လျော်သည့် လက်နက်ကိရိယာကိုသာ သုံးပါ။
2. မူရင်း လက်နက်ကိရိယာများကို ပြုပြင်ပြောင်းလဲခြင်း မလုပ်ရ။
3. လက်နက်ကိရိယာ များ အား မှန်မှန်ကန်ကန် မည်ကဲ့သို့ သုံးရမည်ကို သိထားရမည်။
4. မသိလျှင် မေးပါ။
5. ရမ်းမလုပါနှင့်။
6. စက်မှ အကာပြားများကို ဖြုတ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း မလုပ်ပါနှင့်။
7. စက်ကို မသုံးမီ လည်ပတ်၊ရွေလျားနေသော အပိုင်းမှ အကာပြားမျာသည် နေရာတကျ ရှိပါစေ။
8. လက်နက်ကိရိယာများသည် ကောင်းမွန်နေပါစေ။
9. အသုံးပြုသည့်အခါတိုင်း လက်နက်ကိရိယာများကို စစ်ဆေးပါ။
10. ပျက်စီး ချိုယွင်းနေသော လက်နက်ကိရိယာများရှိလျှင် ကြီးကြပ်သူကို သတင်းပို့ပါ။
အရေးပေါ် ရပ်တန့်ရန် လိုအပ်ချက်
1. မိမိ အသုံးပြုနေသော စက်ပစ္စည်းကိရိယာ အားလုံးအား အရေးပေါ်အခြေအနေတွင် မည်ကဲ့သို့ ရပ်တန့်ရမည်ကို သိနေပါစေ။
သင်ကျောရိုးနှင့် ခါးကို ဂရုစိုက်ပါ
1. အလွန်ကြီးမားလေးလံသော ပစ္စည်းများကို မ ဖို့ မကြိုးစားပါနှင့်။
2. မ,သည့်အခါ ချသည့်အခါများတွင် ဒူးကို ကွေးပါ။
3. ခြေနှင့်ဒူးများကိုသာ အားပြုမပါ။ ကျောရိုးကို အားမပြုပါနှင့်၊
4. မ, ထားစဥ် ကိုယ်ကို မလှည့်ပါနှင့်။ခြေထောက်များဖြင့်သာလှည့်ပါ။
5. မြဲမြဲမြံမြံ ကိုင်တွင်ပါ။ ပစ္စည်းအား ကိုယ်နှင့် နီးနီးထားပါ။
6. အလွန်ကြီးမားသော ပစ္စည်းများကို ဖောက်ကလစ် စသော စက်ကိရိယာမျာဖြင့်သာ မ,ပါ။
7. ကြီးမား လေလံသော ပစ္စည်းများကို မ,ရန်၊ အကူအညီ ရယူပါ။
8. မ.နိုင်ချေထက် ပိုမ,ခြင်းကို ရှောင်ကြည်ပါ။
9. ငြမ်းစင်များ၊ မော်တော်ယဥ်များနှင့် စင်များပေါ်တွင် ခံနိုင်ရည်ထက်ပိုသောဝန်များ မတင်ပါနှင့်။
သန့်ရှင်း သပ်ယပ်သော လုပ်ငန်းခွင်
1. ပျဥ်ပြား၊ သစ်သားချောင်းများမှ သံများကို နှုတ်ထားပါ။
2. သန့်ရှင်းသပ်ယပ်သော လုပ်ငန်းခွင်သည် အန္တရာယ်ကင်းသော အလုပ်ခွင်ဖြစ်၏။ ခလုတ်မတိုက်နိုင်၊ မီးဘေးအန္တရာယ်မရှိနိုင်ပါ။
ဝင်ပေါက်ထွက်ပေါက်
1. သတ်မှတ်ထားသော ဝင်ပေါက်၊ထွက်ပေါက်လှေခါးစသည့်တိုကိုသာ သုံးပါ။
2. ဖြတ်လမ်းမသုံးပါနှင့်။
3.
ကလူကျီစယ်ခြင်း မပြုပါနှင့်
ကလူကျီစယ်ခြင်းသည် အန္တရာယ်ရှိ၏။
4. မိမိ အပြုအမူ သည် မိမိ အတွက်ရော သူတစ်ပါးအတွက်ပါ အန္တရာယ်ကင်းပါစေ။
5. အန္တရာယ်ရှိသော နေရာများကို ဖြုနီတိပ်ဖြင့် ကာရံထားပါ။
လုပ်ငန်းခွင်ကျန်းမာရေး
1. အကြားအာရုံ စစ်ဆေးသည့် စီမံချက် ရေးဆွဲထားပါ။ဆူညံသောနေရာများတွင် အလုပ်လုပ်ရလျှင် နားကြပ်ဝတ်ပါ။ အလုပ်လုပ်ခြင်းကြောင့် နားလေးခြင်းမဖြစ်အောင် ဂရုစိုက်ပါ။အကြားအာရုံကို ပုံမှန် စစ်ဆေးပါ။
2. အသက်ရှုလမ်းကြောင်း ကာကွယ်ရေးစီမံချက်ရေးဆွဲထားပါ။ အန္တရာယ်ဖြစ်နိုင်ချေနှင့် ကာကွယ်ရမည့် နည်းလမ်းများကို စူးစမ်းခြင်းဖြင့် အသက်ရှု အဂ်ါ အဖွဲအစည်းကို ကာကွယ်ပါ။
3. မှန်ကန်သော အသက်ရှုအထောက်အကူပြုကိရိယာကို ရွေးချယ်ဝတ်ဆင်ပါ။
တစ်ကိုယ်ရေသန့်ရှင်းရေး
1. လုပ်ငန်းခွင်အတွင်း၌ အစာမစားပါနဲ့။
2. အိမ်သာတက်ပြီးတိုင်း လက်ကို စင်ကြယ်စွာ ဆေးပါ။
3. စားသောက်ခြင်းမပြုမီ၊ ဆေးလိပ်မသောက်မီ လက်ကို စင်ကြယ်စွာဆေးပါ။
ဆူညံသံ နှင့် ခန္ဓာကိုယ်အတွင်း ရေဓါတ်ဆုံးရှုံးခြင်း
1. ဆူညံသော အလုပ်များ အတွက် နားကြပ်စသည့် နာအကာအကွယ်များ ဝတ်ဆင်ပါ။
2. နေပူထဲ၌ အလုပ်လုပ်ရလျှင် ၊ ရာသီဥတူပူပြင်းလျှင် ရေများများ သောက်ပေးပါ။
ဒဏ်၊ အနာတရဖြစ်မှုများအား သတင်းပို့ခြင်း
1. ထိခိုက်ဒဏ်ရာရလျှင် သတင်းပို့ပါ။
2. သင့်တော်သည့် ဆေးကုသမှု ခံယူပါ။
3. မည်သူကိုမှ အပြစ်မတင်နှင့်။
အန္တရာယ်ရှိသော အခြေအနေတွေ့ ပါက သတင်းပို့ခြင်း
1. အပြင်အထန် ဒဏ်ရာရခြင်း
2. အပြင်းအထန် နာမကျန်ဖြစ်ခြင်း
3. မီးဘေးအန္တရာယ်
4. မတော်တဆမှု အန္တရာယ်ရှိသော အခြေအနေ တွေပါက သတင်းပို့ခြင်း
5. နောင်ဤကဲ့သို့ မဖြစ်စေရန် သင်ခန်းစာယူပါ။
မီး အန္တရာယ်ကာကွယ်ခြင်း
· အိမ်၌ သော်လည်းကောင်း၊ အလုပ်၌ လည်းကောင်း မီးလောင်ခြင်းကို တွေ့ရပါက အထိတ်တလန့် မဖြစ်ပါနှင့်။
မီးလောင်ပြီဆိုရင် ဒါလေတွေလုပ်ဖို့ သတိရပါ။
1. ရှိသမျှလူအားလုံး အပြင်ကို ထွက်ခိုင်းပါ။
2. မီး မပြန့်နိုင်အောင် တံခါးတွေကို ပိတ်လိုက်ပါ။
3. မီးသတ်ဌာနကိုအကြောင်းကြားပါ။
4. နိုင်မယ်ဆိုရင် မီးကို ငြိမ်းသတ်ပါ။ မနိုင်ဘူးဆိုရင်တော့ ဘေးလွတ်ရာကို အမြန်ဆုံးထွက်ခွာသွားပါ။
မီးသတ်ဘူးအသုံးပြုုနည်း။
· မီးကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ငြိမ်းသတ်နိုင်ရန် အောက်ပါအတိုင်း အဆင့်ဆင့်လုပ်ပါ။
1. မီးသတ်ဘူးကို ထောင်လိုက်အနေအထားကိုင်ထားပါ။
2. အထိန်းပင်ကို ဆွဲနှုတ်ပါ။
3. နော်ဇယ်ကို မီးလောင်ရာအောက်ခြေသို့ ဦးတည်ထားပါ။
4. အန္တရာယ်ကင်းစေရာ မီးရှိရာမှ ၁ မီတာ၊ သို့မဟုတ် ၁.၅ မီတာ(၃ပေ မှ ၅ပေ)အကွာမှ ငြိမ်းသတ်ပါ။
5. လက်ကိုင်မှ လီဗာကို ဆွဲညစ်ပါ။
6. မီးအားအုပ်မိစေရန် နော်ဇယ်ခေါင်းကို ဘယ်ညာရမ်းပါ။
မီးသတ် ကိရိယာ များ အကြောင်း လေ့လာထားပါ။
1. မီး ပြတ်သွားလျှင် သော်မှ ရောင်ပြန်ဖြင့် လင်းနေသည်။
2. အထဲရှိလူများအား ထွက်ပေါက် ကို ညွှန်းပြပေးသည်။
3. တစ်နှစ်တစ်ကြိမ် စမ်းသပ်ရမည်။
မီးသတ်ရေပိုက်ခေါင်း
1. ဤမီးသတ်ပိုက်ကို မီးငြိမ်းသတ်ရန် အတွက်သာ သုံးရမည်။
2. နှစ်စဥ် စစ်ဆေးပြီး ပြုပြင်ထိန်သိမ်းရမည်။
မီးအချက်ပေးခလုတ်
1. မီးလောင်နေကြောင်း အချက်ပေးရန် သုံးနိုင်သည်။
2. အသုံးပြုရန် မှန်ကိုခွဲပါ။
3. နှစ်စဥ်စမ်းသပ်စစ်ဆေးပါ။
4. မီးသတ်ကိရိယာများ အကြောင်း လေ့လာထားပါ။
မီးအချက်ပေးခေါင်းလောင်း
1. မီး အချက်ပေးကိရိယာနှင့် ချိတ်ဆက်ထားသည်။
2. နှစ်စဥ် စမ်းသပ်စစ်ဆေးရမည်။
မီးသတ်ရေပိုက်ခေါင်း
1. မည်သည့် ပစ္စည်းနှင်မှ ကာဆီးပ်ိတ်ဆို့ မနေစေရ။အမြဲ လမ်းရှင်းထားရမည်။
2. နှစ်စဥ် စမ်းသပ်စစ်ဆေးရမည်။
မီးသတ်ဘူး
1. မည်သည့်ပစ္စည်းနှင့်မှ ကာဆီး ပိတ်ဆို့မနေစေရ။အမြဲလမ်းရှင်းထားရမည်။
2. ထင်သာမြင်သာနေရာ၌ ထားရမည်။
3. နှစ်စဥ် ပြုပြင်ထိန်းသိမ်ရမည်။
4. အရေးပေါ်အခြေအနေ အစီအစဥ်ကို လေ့လာထားပါ။
အရေးပေါ် ခေါင်းလောင်းအဆက်မပြတ် မည်လာပြီဆိုလျှင် အောက်ပါတို့ကို လိုက်နာ ပြုလုပ်ပါ။
1. မီးသတ်ကို အကြောင်းကြားပါ။
2. စက်ကိရိယာအားလုံး ပိတ်ပါ။
3. ကားမောင်းလာပါက ကားကို ရပ်ပြီး စက်သတ်ပါ။
4. အရေးပေါ်စုရပ်သို့ သွားပါ။
အရေးပေါ် စုရပ်
1. အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင်၏ ညွှန်းကြားချက်အတိုင်း လိုက်နာပါ။
2. အရေးပေါ် စုရပ်သို့ သွားပါ။
အန္တရာယ်ကင်းရေးသည် ပထမ အန္တရာယ်ကင်းဖို့ ငါက စတယ်။
1. ဘေးအန္တရာယ်ကင်းဖို့ ဆိုတာ သင့်လက်ထဲမှာ ရှိတယ်။
2. သင့်မိသားစုဟာ သင့်ကို လိုအပ်တယ်။