လုံခြုံရေးကင်မရာစနစ် ပစ္စည်းများ အတွက်
အာမခံ စည်းကမ်း သတ်မှတ်ချက်များ
၁။ အာမခံသက်တမ်း ပထမ(၁၂)လအတွင်း (ပစ္စည်း/လက်ခ)အခမဲ့၊ ဒုတိယ(၁၂)လ (လက်ခ)အခမဲ့ ပြုပြင်ပေးမည်။
(စက်အသစ် လဲလှယ်ပေးမည်မဟုတ်ပါ။) Panel /ရှေ့မှန်ပြားပျက်စီးခြင်းမပါပါ။
၂။ ရန်သူမျိုးငါးပါး ဖျက်ဆီးခြင်း၊ သုံးစွဲစဉ် မီးအားများခြင်း၊ နည်းခြင်းနှင့် သာမန်သုံးစွဲသင့်သည်ထက် အဆများစွာ ပိုမိုသုံးခြင်းတို့ကြောင့် ပျက်စီးခြင်း၊ သုံးစွဲသူ၏ ပေါ့ဆမှုကြောင့် ပျက်စီးခြင်းများသည် အာမခံနှင့် အကျုံးမဝင်ပါ။
၃။ တရားဝင် ဆားဗစ်စင်တာ မဟုတ်သည့် အခြားပြုပြင်ရေးဆိုင်များတွင် ဖွင့်ဖောက်ပြင်ဆင်ခြင်း၊ စည်းတံဆိပ်အမှတ်အသား ပျက်စီးခြင်း၊ ဆုတ်ပြဲခြင်း၊ ခွာထားခြင်းတို့ကို တွေ့ ရှိပါက အာမခံအခွင့်အရေးများ ဆုံးရှုံးမည်ဖြစ်ပါသည်။
၄။ အငြင်းပွားဖွယ် ကိစ္စများအတွက် ဆားဗစ်စင်တာ၏ အဆုံးအဖြတ်ကိုသာ အတည်ပြုပါမည်။
၅။ စက်ပစ္စည်းသယ်ယူစဉ်ပေါ်ပေါက်လာသော ပျက်စီးဆုံးရှုံးမှုများ တာဝန်ယူမည်မဟုတ်ပါ။
မှတ်ချက်။ G1 Smart Home Shop, SIM Group ၏ ဝန်ဆောင်မှုတွင် အဆိုပါစည်းကမ်းချက်များ အကျုံးဝင်သည်။
ဉာဏ်နိုဗေးရှင်း ကုမ္ပဏီလိမီတက်
ဝန်ဆောင်မှု အဖွဲ့